
ဘုရားသခင်အပေါ် ဆည်းကပ်မှုကိုပြသောလုပ်ရပ်များ
အချိန်မတန်ဘဲ လောကမှထွက်ခွာသွားသူများကဲ့သို့ပင် ဂျိုး(Joe)၏ သေဆုံးမှုသည် သူ့ကို သိသူများအတွက် အံ့ဩတုန်လှုပ်စရာဖြစ်ခဲ့သည်။ သူမသေဆုံးမီတွင် သူသည် ဆုံးဖြတ်ချက်အမှားများ ချမှတ်ခဲ့ပြီး၊ ယခုတွင် သူ့ကို အားကိုးခဲ့သူများအတွက် ဤခင်ပွန်း၊ ဖခင်၊ နည်းပြဆရာနှင့် လူငယ်ခေါင်းဆောင် မရှိတော့ပါ။
လတ်တလော ဂျိုး၏ မကောင်းသောရွေးချယ်မှုများ၌ အာရုံစိုက်ရန် လွယ်ကူပါသည်။ သို့သော် သူ၏သမီးက ဈာပနပွဲ၌ သူမ၏ဖခင်သည် ကျွန်ုပ်တို့အားလုံးနည်းတူ မပြည့်စုံသူဖြစ်သော်လည်း သူ့အသက်တာဖြင့် သခင်ယေရှုကို အစေခံခဲ့ကြောင်းကို မီးမောင်းထိုးပြခဲ့သည်။
အလားတူအဖြစ်ကို ယုဒဘုရင်ယောရှိအကြောင်းတွင် တွေ့ရသည်။ အဲဂုတ္တုရှင်ဘုရင်နေခေါသည် ဗာဗုလုန်ကို စစ်ချီသောအခါ ယောရှိသည် မိုက်မဲစွာ “ဆီးတားခြင်းငှာ ထွက်လေ၏”(၆ ရာ ၃၅:၂၀)။ နေခေါသည် ယုဒပြည်ကို တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိခဲ့ပါ(:၂၁)။ သို့သော် “ဘုရားသခင်၏အမိန့်တော်”ကို လျစ်လျူရှုကာ ယောရှိ ဝင်ရောက်စွက်ဖက်သဖြင့်(:၂၂) သူ့အသက် ဆုံးရှုံးခဲ့ရသည်(:၂၃-၂၄)။
ယောရှိသည် မလိမ္မာစွာ အဆုံးသတ်ခဲ့သော်လည်း…

မိတ်ဆွေများထံမှ စကားသံများ
အသက် ၂၆ နှစ်အရွယ်က ကျမ်းစာသင်တန်းတစ်ခုတွင် ကျွန်မထိုင်နေစဥ် အတန်းဖော် တစ်ချို့၏ စိတ်ဓာတ်ကျဖွယ် အပြောအဆိုများကြောင့် အံ့သြခဲ့ရသည်။ သူတို့တွင်ပြဿနာများစွာရှိနေပုံရသည်။ “ကျွန်မတို့က ခရစ်ယာန်များဖြစ်ပြီး ဘာကြောင့် ဒီလောက်စိတ်ဓာတ်ကျနေသလဲ။ ဒီအရာရဲ့အဆုံးသတ်ကို ကျွန်မတို့မသိကြဘူးလား”ဟု ကျွန်မမေးမြန်းခဲ့သည်။ ခရစ်တော်၌ ထာဝရအသက်ဟူသော ကတိတော်သာမက၊ သမ္မာကျမ်းစာထဲမှ ဘုရားသခင်သည် သူ၏လူတို့ကို စောင်မဂရုပြုကြောင်း ကတိတော်များစွာကို ကျွန်မ ရည်ညွှန်းခြင်းဖြစ်ပါသည်။ သို့သော် သင်တန်းဆရာကပြုံးပြီး သင်ခန်းစာကို ဆက်သင်သွားသည်။ ကျွန်မပြောခဲ့သောစကားက ကျွန်မ၏စိတ်ထဲတွင် နှစ်ပေါင်းများစွာ စွဲကျန်နေခဲ့သည်။
နောက်ဆုံးတွင် အလုပ်ပြုတ်ခြင်း၊ ဝမ်းနည်းပူဆွေးခြင်း၊ ဖျားနာခြင်းနှင့် အခြားသော ဘဝလောကဓံ အခက်အခဲများက ကျွန်မကို ရိုက်ခတ်ခဲ့ရာ စိတ်ဓာတ်ကျခဲ့ရသည်။ ဘုရားသခင်၏ကတိတော်များသည် နှစ်သိမ့်မှုပေးသည်မှာ မှန်သော်လည်း၊ လွယ်ကူသောဘဝ ဖြစ်စေမည်ဟု ကတိမပေးထားဘဲ၊ သခင်ယေရှုက ကျွန်ုပ်တို့သည် “ဆင်းရဲဒုက္ခကို ခံကြရလိမ့်မည်”ဟု မိန့်တော်မူခဲ့သည်(ယော ၁၆:၃၃)။
ယောဘအမည်ရှိသောလူတစ်ဦးသည်လည်း ကျွန်ုပ်တို့ကဲ့သို့ပင်…

မျက်ရည်များကြားက နှစ်သိမ့်မှု
ည ၉ နာရီခန့်တွင် အမေ့ထံမှ ဖုန်းဝင်လာပြီး၊ “မင်းအဖေဆုံးသွားပြီ”ဟု ပြောခဲ့သည်။ ဤဖုန်းခေါ်ဆိုမှုကို ရက်အတန်ကြာကပင် မျှော်လင့်ထားပြီး၊နာကျင်မှုမှ အဖေ လွတ်မြောက်ပြီဟု စိတ်သက်သာရာ ရခဲ့သော်လည်း၊ ထိုသတင်းကြောင့် စိတ်ထိခိုက်ရပါသည်။ နောက်ရက်သတ္တပတ်များအတွင်း၊ ဝမ်းနည်းပူဆွေးမှုများ ဆက်လက်ခံစားရပြီး၊ ကျွန်တော် ရှိုက်ကြီးတငင် ငိုကြွေးခဲ့သည်။
အဖေဆုံးခြင်းက ကျွန်တော်တို့အားလုံးအတွက် ခက်ခဲခဲ့ပြီး၊ မယုံကြည်သူ မိသားစုဝင်အချို့အတွက် ပို၍ခက်ခဲခဲ့သည်။ သူတို့၏နားလည်မှုအရ အဖေသည် ထာဝရကွယ်ပျောက်သွားပြီဖြစ်သည်။ ထိုအချိန်တွင်မှ သခင်ယေရှုကို ယုံကြည်ခြင်းဖြင့် ဝမ်းနည်းပူဆွေးမှုကို မည်သို့ကျော်လွှားရမည်ကို ကျွန်တော် သဘောပေါက်ခဲ့သည်။
သခင်ယေရှုသည် သေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့ခြင်းကြောင့် ကိုယ်တော်ကို ယုံကြည်သူတို့သည်လည်း တစ်နေ့တွင် ပြန်လည်ထမြောက်မည်ဟု ရှင်ပေါလုက ရှင်းပြခဲ့သည်(၁ သက် ၄:၁၄)။ သူနှင့်အတူ ထာဝရရှိနေရန် ကျွန်ုပ်တို့ကို သခင်ဘုရား ချီဆောင်သိမ်းဆည်းသောနေ့တွင် (:၁၆-၁၇) ကျွန်ုပ်တို့ ထမြောက်မည်ဖြစ်သည်။ ရှင်ပေါလုက “မျှော်လင့်ခြင်းမရှိသော အခြားသူတို့သည်…

နွေးထွေးသောအသင်းတော်
ကျွန်မငယ်စဉ်က၊ တနင်္ဂနွေနံနက်နှင့်ညနေတိုင်းတွင် မိသားစုနှင့်အတူ ဘုရားကျောင်းသို့ ပျော်ရွှင်စွာ လိုက်သွားလေ့ရှိသည်။ ကျွန်မတို့၏သင်းအုပ်ဆရာသည် သူ၏ဝမ်းမြောက်မှုကို ဖော်ပြကာ၊ ကလေးသူငယ်များကိုလည်း ဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်များတွင် အမြဲပါဝင်စေပြီး၊ ကျွန်မ၏ စာအရေးအသားစွမ်းရည်ကိုပင် အားပေးခဲ့သည်။ အသင်းတော်ကျောင်းဆရာများနှင့် သင်းအုပ်ဆရာတို့က ကျွန်မအထဲ၌ သမ္မာကျမ်းစာကို ချစ်မြတ်နိုးသောစိတ်ကို ပျိုးထောင်ပေးခဲ့သည်။ တနင်္ဂနွေညနေတိုင်း လာရောက်ဟောပြောသော ဧည့်သည်ဆရာ(သို့) သာသနာပြုဆရာများကြောင့် ကျွန်မ၏စိတ်နှလုံးကို သာသနာပြု လုပ်ငန်းများဘက်သို့ လမ်းကြောင်းပေးခဲ့သည်။
“ကိုးလ်ဒ်ဝါးတားလမ်းပေါ်ရှိ နွေးထွေးသောအသင်းတော်” ဟူသည့် သင်းအုပ်ဆရာဖန်တီးခဲ့သော ဆောင်ပုဒ်သည် ကျွန်မတို့၏အသင်းတော်နှင့် ထိုက်တန်ပေသည်။အသင်းတော်သည် ပြီးပြည့်စုံခြင်းမရှိသော်လည်း ကျွန်မတို့သည် မိသားစုဝင်များဖြစ်ခဲ့ကြသည်။ ထိုနေ့မှစ၍ မည်သို့ပင်ဖြစ်စေ ဘုရားကျောင်းကို ကျွန်မပုံမှန်တက်ရောက်ခဲ့ခြင်းကြောင့် ခွန်အားသစ်ကို ရရှိခဲ့သလို၊ ယုံကြည်ခြင်းလည်း ပို၍ကြီးထွားလာခဲ့သည်။
ယနေ့ခေတ်ကဲ့သို့ပင်၊ ကနဦးအသင်းတော်ရှိ သခင်ယေရှုကိုယုံကြည်သောသူများသည် အားပေးမှုနှင့် မစထောက်ပံ့မှုကို လိုအပ်ခဲ့ပြီး၊ ယုံကြည်သူအချင်းချင်း အတူတကွစုဝေးခြင်း၏ အရေးကြီးမှုကိုလည်း နားလည်ခဲ့ကြသည်(တ ၂:၄၆)။ သူတို့သည် မိသားစုတစ်စုကဲ့သို့ဖြစ်ပြီး…
အသင်းတော်၊ဘုရားသခင်၏လူစုတော်နှင့် ပိုင်ဆိုင်မှု
စက်တင်ဘာလခေါင်းစဥ် | အသင်းတော်
အသင်းတော်ဟူသည့် စကားလုံးကို ကြားသည့်အခါ ဘုရားကျောင်းကို ကျွန်ုပ်တို့ မြင်လေ့ရှိသည်။ အသင်းတော်ဟု ဆိုတိုင်း အဆောက်အအုံထက် လူပရိသတ်- ယုံကြည်သူ
များကိုမြင်ရန် သမ္မာကျမ်းစာမှ ကျွန်ုပ်တို့ကို အားပေးပါသည်။ အသင်းတော်ဟု ဘာသာပြန်ထားသည့် ဂရိစကားလုံး…
